Domestic Quarantine Information

Dear Valued Customers,


We would like to inform the announcement from local authorities due to current COVID-19 situation.


(1)   Passenger who are traveling from Yangon to Myitkyina must follow below regulations.

  • Bring recommendation letter by concern authorities.
  • Passenger from stayed home township in Yangon and Other Cities must be quarantined on arrival in Myitkyina. (FQ only include Accommodation and Hotel Q also available)
  • Any passenger, who fail to submit the recommendation letter, must be quarantined

 
(2)   Passenger who are traveling from Yangon to Loikaw must follow below regulations.

  • Every passenger must be quarantined for 10 days on arrival in Loikaw at own cost.
  • COVID-19 test must be required at own cost during quarantine period.

 
(3)   Passenger who are traveling from Yangon to Kyauk Phyu must follow below regulations.

  • Bring recommendation letter by concern authorities.
  • Passenger from stayed Home Township in Yangon (and other cities) must be quarantined. 3-Days home quarantine is allowed for passenger who has own house in Kyauk Phyu. After 3 days home quarantine, COVID-19 test must be required at own cost.

(4)      Passenger who are traveling to Khamti must follow below regulations.

  • Passenger who are travelling to Khamti must have negative certificate for COVID-19 RDT Test which is tested before 72hours from date of departure.
  • Bring recommendation letter by concern authorities

(5)      Passenger who are traveling to Naypyitaw must follow below regulations.

  • Bring recommendation letter by concern authorities
  • Passenger who will visit Ministries and government offices must be taken Rapid Antigen Test for COVID-19 at Naypyitaw airport

 

Passenger from stayed home township in Yangon can apply full refund for RGN-MYT and RGN-LIW ticket with the travel date from 09 July to 21 July 2021 if they cancel their trip.

 

လတ်တလောဖြစ်ပေါ်နေသော COVID-19 အခြေအနေကြောင့်၊ သက်ဆိုင်ရာအာဏာပိုင်တို့ ၏ ထုတ်ပြန်ကြေညာချက်အရ၊ ခရီးသွားပြည်သူများ အောက်ပါအချက်များကို လိုက်နာရန်လိုအပ်ပါသည်။

 

၁။    ရန်ကုန်မှ မြစ်ကြီးနားသို့ သွားရောက်မည့် ခရီးသည်များသည်

  • သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။
  • ရန်ကုန် နှင့် သက်ဆိုင်ရာမှ ကြော်ငြာထားသော Stay at Home မြို့နယ်များမှဖြစ်လျှင်၊ မြစ်ကြီးနား သို့ရောက်ရှိသည့် အခါ  Quarantine ဝင်ရမည်ဖြစ်သည်။ (Facility Quarantine တွင် နေစရာသာပါမည်ဖြစ်ပြီး ကျန်သည့်အရာများ ခရီးသည်မှသာ စီမံရမည်ဖြစ်ပါသည်။ အဆင်မပြေပါက Hotel Quarantine ယူခွင့်ရှိပါသည်။)
  • ရပ်ကွက်ထောက်ခံစာမတင်ပြနိုင်သော ခရီးသည်များသည်လည်း  မြစ်ကြီးနား သို့ရောက်ရှိသည့် အခါ Quarantine ဝင်ရမည်ဖြစ်သည်။​

၂။    ရန်ကုန်မှ လွိုင်ကော်သို့ သွားရောက်မည့် ခရီးသည်များသည်

  • လွိုင်ကော်  သို့ရောက်ရှိသည့် အခါ မိမိစရိတ်ဖြင့်  Quarantine (၁၀) ရက် ဝင်ရမည်ဖြစ်သည်။
  • Quarantine ဝင်နေစဉ်အတွင်း (မိမိစရိတ်ဖြင့်) COVID Test စစ်ရန်လိုအပ်ပါသည်။

၃။     ရန်ကုန်မှ ကျောက်ဖြူသို့ သွားရောက်မည့် ခရီးသည်များသည်

  • သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။
  • ရန်ကုန် (နှင့် သက်ဆိုင်ရာမှ ကြော်ငြာထားသော) Stay at Home မြို့နယ်များမှဖြစ်လျှင်၊ ကျောက်ဖြူသို့ရောက်ရှိသည့် အခါ  Quarantine ဝင်ရမည်ဖြစ်သည်။ မိမိအိမ်ရှိလျှင် အိမ်တွင် ၃ရက် Quarantine နေခွင့်ပြုမည်ဖြစ်သည်။ ၃ရက်ပြည့်လျှင် COVID-19 test ကို မိမိစရိတ်ဖြင့် စစ်ဆေးရမည်ဖြစ်သည်။​​

၄။      ခန္တီး သို့ သွားရောက်မည့် ခရီးသည်များသည်

  • RDT Test Kit ဖြင့် (၇၂) နာရီအတွင်းစစ်ဆေးထားသည့် COVID-19 ရောဂါ (Negative) ဖြစ်ကြောင်း အထောက်အထားတင်ပြရန် လိုအပ်ပါသည်။
  • သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ ခရီးသွားထောက်ခံချက် လိုအပ်ပါသည်။

၅။      နေပြည်တော် သို့ သွားရောက်မည့် ခရီးသည်များသည်

  • သက်ဆိုင်ရာရပ်ကွက်၏ ထောက်ခံစာလိုအပ်ပါသည်။
  • ဝန်ကြီးဌာနနှင့် အစိုးရရုံးများသို့ သွားရောက်မည့်သူများအနေဖြင့် နေပြည်တော်လေဆိပ်တွင် RDT Test Kit ဖြင့် COVID-19 ရောဂါစစ်ရှိမရှိ စစ်ဆေးမှုခံယူရပါမည်။

ရန်ကုန် ရှိ Stay at Home မြို့နယ်များမှ ခရီးသည်များသည် ခရီးသွားရက် ၉-၇-၂၀၂၁ မှ ၂၁-၇-၂၀၂၁ အတွက်ဝယ်ယူထားသော RGN-MYT နှင့်  RGN-LIW​ လက်မှတ်များအား မသွားဖြစ်ပါက full refund လျှောက်ထားနိုင်ပါသည်။