Transportation of the Covid-19 defense equipment donation

ကမ္ဘာကပ်ရောဂါ Covid-19 ဖြစ်ပွားမှုကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ ကျော်လွှားနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင်ဖြစ်သော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ အဖွဲ့ဝင် ကုမ္ပဏီများကိုယ်စား Posco International Corporation (Myanmar E&P) မှ စစ်တွေမြို့ရှိ၊ ရခိုင်ပြည်နယ် ကျန်းမာရေးဉီးစီးဌာနသို့ လှူဒါန်းသည့် Covid-19 ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများအား သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန်အတွက် မြန်မာအမျိုးသားလေကြောင်း (MNA) မှ ကူညီ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊ မစိုးရိမ်ကျောင်း လမ်းသွယ် (၁)မှ စေတနာရှင် မိသားစုများပူးပေါင်း၍ "Donation for Heroes of Covid-19" အဖွဲ့ကို ဖွဲ့စည်း၍ မြန်မာနိုင်ငံတဝှမ်းရှိ ကျန်းမာရေးဌာန၊ ဆေးရုံ၊ဆေးပေးခန်းများသို့ Covid-19 ကာကွယ်ရေး ပစ္စည်းများ ပေးပို့လှူဒါန်းရာတွင် ပစ္စည်းများအား အဆင်ပြေစွာပို့ဆောင်နိုင်ရန်ရေးအတွက် မြန်မာအမျိုးသားလေကြောင်း (MNA) မှ ပါဝင် ကူညီသယ်ယူပို့ဆောင်ခဲ့ပါသည်။