Cairo relief flight

မြန်မာအမျိုးသားလေကြောင်း (MNA) မှ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသံရုံးနှင့်ညှိနှိုင်းပူးပေါင်း၍ အီဂျစ်နိုင်ငံမှ နေရပ်သို့ပြန်မည့် မြန်မာနိုင်ငံသား ခရီးသည် 128 ဉီးအား ယနေ့ ကယ်ဆယ်ရေးလေယာဉ် UB-9602ဖြင့် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့တွင် ပထမအကြိမ် မြန်မာနိုင်ငံသို့ တင်ဆောင် ပျံသန်းခဲ့ပါသည်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးလေကြောင်းအဖြစ်အီဂျစ်နိုင်ငံသို့ ဆင်းသက်ခွင့်ရရှိခဲ့တဲ့ အတွက် မြန်မာအမျိုးသားလေကြောင်းမှဂုဏ်ယူစွာ မှတ်တမ်းတင်လိုက်ပါသည်။
In coordination with the Embassy of the Republic of the Union of Myanmar in Egypt, Myanmar National Airlines (MNA) operated first time Cairo relief flight on 9 September 2020 and we are honored to bring back 128 passengers home with UB-9602. Myanmar National Airlines is proudly to be the first Myanmar airline to be landed in Egypt.